နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရပ်စောက်မြို့နယ် ဆင်တဲရွာနှင့်လူရိုးတောင်ရွာကြား ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

ရပ်စောက်မြို့နယ် ဆင်တဲရွာနှင့်လူရိုးတောင်ရွာကြား ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

Hsan Loi Editor
11/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် တောင်ကြီး-ရပ်စောက်ကားလမ်းမကြီး ဆင်တဲရွာနှင့် လူရိုးတောင်ရွာ၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။

 

ဇွန်လ (၉)ရက်နေ့တွင် ကားမကြီးတစ်လျောက် ရေပြည့်နေပြီး ဆိုင်ကယ်နှင့်ကားငယ်များ ဖြတ်သန်းသွားလာရန် ခက်ခဲနေသည်။

 

“ မိုး(၃) ရက်ဆက်တိုက်ရွာလိုက်တော့ ချောင်းရေတွေပြည့်ပြီး လမ်းမကြီးပေါ် ရေပြည့်ကုန်တာ။ တခါတလေ ရေအရမ်းများလို့ ကားလေးတွေနဲ့ဆိုင်ကယ်တွေက တစ်နာရီလောက် ရေပြန်ကျတဲ့အချိန်အထိစောင့်ရတယ်။” ဟု အဆိုပါလမ်းပိုင်း၏ ခရီးသည်တင်ယာဉ်မောင်းတစ်က ပြောသည်။

 

ချောင်းရေလျှံမှုကြောင့် ကားမကြီးပေါ်အပြင် လူရိုးတောင်ကျေးရွာရှိ ထွန်ယက်ထားသော စိုက်ခင်းအချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။