ရန်ကုန်−မန္တလေး အမြန်လမ်းမှာ အငှားယာဥ်မောင်းကို သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းကို လမ်းဘေးသို့ စွန့်ပစ်ကာ ကားလုယူသွားတဲ့ တရားခံ ဒုရဲအုပ် ရဲရင့်အောင် ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက တရားခံ ရဲရင့်အောင် ဟာ နေပြည်တော် ကနေ ၎င်းရဲ့ ကောင်မလေးရှိရာ မိတ္ထီလာ သွားဖို့ အငှားယာဥ်နဲ့လာရာ မိတ္ထီလာမြို့အဝင် ကန်ကြီးကုန်း ကျေးရွာအနီးမှာ ယာဥ်မောင်း ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ပြီး ကားလုသွားတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ တရားခံ ရဲရင့်အောင် (၂၂)နှစ်ဟာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးဖြစ်တယ်လို့ သိရပြီး သူ့ကိုတော့ မိတ္ထီလာမြို့မ ရဲစခန်းမှ (ပ) ၁၄၉/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ−၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။