နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရန်ကုန်မြို့မှာ ရာသီဥတုအပူဒဏ်ကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး လဲကျသေဆုံး

ရန်ကုန်မြို့မှာ ရာသီဥတုအပူဒဏ်ကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး လဲကျသေဆုံး

Hsan Loi Editor
13/10/2026
Share:
ရာသီဥတုအပူဒဏ်ကြောင့် ဒီကနေ့ အောက်တိုဘာလ ၁၂ ရက် နေ့လည် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီး ပိုင်းအမျိုးသားတစ်ဦး Heat Stroke ဖြစ်ပြီး မူးလဲကျပြီးနောက် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီရာ ရောက်ရှိချိန်မှာ အသက်မရှိတော့ဘူးလို့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန် ထားပါတယ်။
May be an image of one or more people and text
သေဆုံးသွားတဲ့ အမျိုးသားရဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပြီး Dead Body ကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
May be an image of one or more people and text
“မနက်ခင်းပိုင်း ၇ ခွဲ ၈ နာရီဆို စ ပူလာပြီ၊ အထူးသဖြင့် ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ ပိုသတိထားရပါမယ်၊ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးရတာတွေ တွေ့လာနေရတော့ တော်တော်လေး ဂရုစိုက်ရမယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
May be an image of text
အယ်နီညိုဖြစ်စဥ်ကြောင့် ယခု မြန်မာနိုင်ငံတဝန်းလုံးမှာ အပူချိန်မြင့်တက်နေပြီး အပူဒဏ်အန္တရာယ်မှ ကာကွယ်ဖို့ နေပူပြင်းတဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အတွင်း အပြင်ထွက်တာကို ရှောင်ရှားကြဖို့၊ ရေကိုလုံလောက်စွာ သောက်သုံးဖို့နဲ့ လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက် ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
May be an image of one or more people and text
Photo – ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့