နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီမှကြေညာ

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီမှကြေညာ

Hsan Loi Editor
15/05/2023
Share:

 

မေလ (၁၄)ရက်နေ့ ယမန်နေ့က အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသ ဒေသများအဖြစ် စစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

ယနေ့ မွန်းလွဲပိုင်း(၂)နာရီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်အခြေအနေအရ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်သွားသည့် မုန်တိုင်းသည် အားနည်းသွားပြီဖြစ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိခဲ့သော မုန်တိုင်းငယ်သည် တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။

 

အောက်ပါမြင်တွေ့ရသော ပုံများသည် ယမန်နေ့က မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသအသီးသီး၏ မြင်တွေ့ရသည့် အခြေအနေဖြစ်သည်။