နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ယူကရိန်းကို ဒိန်းမတ်နှင့် နယ်သာလန်တို့မှ F-16 ဖိုက်တာဂျက် တိုက်လေယာဉ်များ ထောက်ပံ့တော့မည်

ယူကရိန်းကို ဒိန်းမတ်နှင့် နယ်သာလန်တို့မှ F-16 ဖိုက်တာဂျက် တိုက်လေယာဉ်များ ထောက်ပံ့တော့မည်

Hsan Loi Editor
23/08/2023
Share:

 

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း၌ ယူကရိန်းနိုင်ငံကို F-16 ဖိုက်တာဂျက်တိုက်လေယာဉ် ၆ စီး စတင်ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ယူကရိန်းလေတပ်သို့ F-16 ဖိုက်တာဂျက်တိုက်လေယာဉ် လှူဒါန်းပေးပို့မည့်အစီအစဉ်အရ ယူကရိန်းလေယာဉ်မှူး ၈ ဦးကို ဒိန်းမတ်နိုင်ငံ၌ F-16 လေကြောင်းရန်တိုက်ခိုက်ရေး ဖိုက်တာဂျက်တိုက်လေယာဉ်သင်တန်းပို့ချနေပြီဖြစ်ကြောင်း ဒိန်းမတ်လေတပ်က ထုတ်ပြန်လိုက်သည်။

Skrydstrp သို့ ယူကရိန်းလေယာဉ်မှူး ၈ ဦးနှင့်အတူ ပြင်ဆင်ထိန်းသိမ်းနိုင်ရေး အင်္ဂျင်နီယာ ၆၅ ဦးပါ ရောက်နေပြီဟု ဆိုသည်။

မေလ ၁၉-၂၁ ရက်နေ့ထိ ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော G7 အစည်းအဝေးတွင် အမေရိကန်နိုင်ငံ Lockheed Martin ကုမ္ပဏီ ထုတ် F-16 ဖိုက်တာဂျက်လေယာဉ်များကို ယူကရိန်းသို့ ပေးပို့ရန် သမ္မတ ဂျိုး ဘိုင်ဒန်က ခွင့်ပြုခဲ့သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံက F-16 ဖိုက်တာဂျက်တိုက်လေယာဉ် ၁၂ စီး ကို ၁၉၈၇ ခုနှစ်ခန့်ကစ၍ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီး ပထမအသုတ်အဖြစ်ဝယ်ယူခဲ့သည်ဟု တွေ့ရှိရသည်။ ယင်းနောက်ပိုင်းတွင်လည်း အဆင့်မြင့်တင်ထားသည့် F-16 ဖိုက်တာဂျက်တိုက်လေယာဉ် ဗားရှင်းအမျိုးအစားကွဲများကို တသုတ်ပြီးတသုတ် ဝယ်ယူခဲ့ကြောင်း တွေ့ရှိရသည်။


Photo: Lockheed Martin