နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြောက်ကိုရီးယားရဲ့ အလုပ်သမားပါတီ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ နည်းပညာမြင့် “Hwasong -20” တိုက်ချင်းပစ်ဒုံးကျည်အသစ် မိတ်ဆက်ပြသ

မြောက်ကိုရီးယားရဲ့ အလုပ်သမားပါတီ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ နည်းပညာမြင့် “Hwasong -20” တိုက်ချင်းပစ်ဒုံးကျည်အသစ် မိတ်ဆက်ပြသ

Hsan Loi Editor
12/10/2025
Share:
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြပွဲကို အောက်တိုဘာလ ၁၀ ရက် နေ့တွင် ကျင်းပခဲ့ပြီး ကင်မ်မျိုးရိုး အာဏာရှင်စနစ်အောက်တွင် အုပ်ချုပ်နေသည့် တစ်ခုတည်းသော နိုင်ငံရေးပါတီဖြစ်တဲ့ အလုပ်သမားပါတီ၏ နှစ် ၈၀ ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပခဲ့ပါတယ်။May be an image of dais and text
အခမ်းအနား၏ အဓိကထူးခြားချက်မှာ “Hwasong-20 ” တိုက်ချင်းပစ် ဒုံးကြည်အသစ် ကို မိတ်ဆက် ပြသခဲ့ခြင်းဖြစ်ပြီး နျူကလီးယားလက်နက်တွေ တပ်ဆင်နိုင်တဲ့ အားအကောင်းဆုံး၊ နည်းပညာအဆင့် အမြင့်ဆုံး မဟာဗျုဟာ လက်နက်လို့ မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းဌာန KCNA က ညွှန်းဆိုသွား ပါတယ်။May be an image of text that says '能'
ဒါ့အပြင် အခြားလက်နက်စနစ်များဖြစ်တဲ့ ဝေးလံခေါင်သီသော ခရုဇ်ဒုံးကျည်များ၊ ဒရုန်းလွှတ်တင် စက်များ၊ မြေမှလေသို့ နှင့် မြေမှမြေသို့ ပစ်လွှတ်နိုင်သော ဒုံးကျည်များကိုလည်း ပြသခဲ့ပါတယ်။
အဲ့ဒီစစ်ရေးပြပွဲမှာ မဟာမိတ်နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြတဲ့ တရုတ်ဝန်ကြီးချုပ် လီ ချီယန်း၊ ရုရှားနိုင်ငံသမ္မတဟောင်း ဒီမီထရီ မက်ဒဗီဒက်ဖ် နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်တို့ တက်ရောက်ခဲ့ကြပါတယ်။