နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်

မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်

Hsan Loi Editor
26/03/2023
Share:

 

မတ်လ ၂၆ ရက် ယနေ့နံနက် မြဝတီ-မဲဆောက်တံတား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြထားပါသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ငြိမ်သက်သွားပြီဟုဆိုသည်။

 

သို့သော်လည်း နှစ်ဖက်ပြည်သူများ ဝင်ထွက်သွားလာရန် တွန့်ဆုတ်နေသေးပြီး အခြေအနေကို နားစွင့်နေဆဲဖြစ်သည်ဟု သိရသည်။

 

ယမန်နေ့ညအထိ လက်နက်ကြီးသံအချို့ ထိုင်းဘက်ကမ်းမှ ကြားရသည်ဟု ရေးသားဖော်ပြထားသည်။

 

ယမန်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ကမ်းမှ ထိုင်းနိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းဘက်မှကုန်ပစ္စည်များသွားပို့သည့်တွဲကား အစီး ၃၀၀ ကျော် ယာယီ ပိတ်မိနေခဲ့သည်ဟု သိရသည်။

 

ကျုံဒိုးမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် မြေပြင်စစ်တပ် ၂ ခုက ပစ်ခတ်သည့်လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုရှိနေပြီး လူငယ် ၂ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်တဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

Ref: ThaiPBS North, Mae Sot Media, KIC