နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာ ဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများကို မဲဆောက် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိ

မြန်မာ ဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများကို မဲဆောက် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိ

Hsan Loi Editor
15/08/2024
Share:

 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊မဲ့လမောင်း ကျေးရွာအုပ်စု၊ ဟွေ့ယဥကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ(၁၁)ရက်က ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ထရပ်ကားတစ်စီးကို မဲဆောက်မြို့ တာဝန်ရှိသူများက တားဆီးစစ်ဆေးရာ မြန်မာဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။

 

အဆိုပါ ဖမ်းဆီးရမိသည့် ပစ္စည်းထဲတွင် UAV အမှတ်တံဆိပ် X- UAU မော်ဒယ် Talon ဒရုန်း(၆၀)စင်း၊ DJI MAVICE (၂) စင်း၊ DJI ဘက္ထရီ (၃၅) လုံးနဲ့ UAV မော်တာ (၄၆)လုံး ပါဝင်ပြီး ၎င်းတာဝန်ယူပို့ဆောင်ပေးသည့် ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မဲဆောက်သတင်းရင်းမြစ်မှ သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ(၇)ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီဒေသမှာရှိသည့် အွန်လိုင်းလောင်းကစားရုံများနှင့် ငွေလိမ်ဂိုဏ်းများထံ ပို့ဆောင်မည့် StarLink အင်တာနက် (၁၉)ခုနှင့် မြန်မာနိုင်ငံသား(၂)ဦးကို မဲဆောက်ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း သိရသည်။

 

အလားတူ ယခုနှစ်ဇွန်လပိုင်းကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှ ကရင်ပြည်နယ်၊ မြဝတီဒေသမှာရှိတဲ့ အွန်လိုင်း Casino ရုံများနှင့် ‌ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေဆီပို့ဆောင်မည့် StarLink အင်တာနက်(၅၈)ခု ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။