နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာ-တရုတ် နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်အပါအဝင် လမ်းကြောင်း(၃)ခုကို ဇန်နဝါရီလ (၈)ရက်နေ့စတင်ကာ တရုတ်ဘက်ခြမ်းကဖွင့်ခဲ့ပြီး မြန်မာဘက်ခြမ်းမဖွင့်သေး

မြန်မာ-တရုတ် နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်အပါအဝင် လမ်းကြောင်း(၃)ခုကို ဇန်နဝါရီလ (၈)ရက်နေ့စတင်ကာ တရုတ်ဘက်ခြမ်းကဖွင့်ခဲ့ပြီး မြန်မာဘက်ခြမ်းမဖွင့်သေး

Hsan Loi Editor
09/01/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်လမ်းကြောင်းများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံဘက်ခြမ်းက စတင်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာဘက်ခြမ်း၌ မဖွင့်လှစ်သေးကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

 

မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံအစိုးရဘက်က စာထုတ်ပြီး ဖွင့်လှစ်ခဲ့သော်လည်း မြန်မာအစိုးရဘက်က ပြန်လည်ဆွေးနွေးနေကြောင်း ဒေသသတင်းအရင်းအမြစ်အချို့မှလည်း ဖော်ပြထားသည်။

 

“မနေ့ကတည်းက တရုတ်ဘက်ဂိတ်တွေတော့ ဖွင့်နေပေမယ့် မြန်မာဘက်ကတော့ မဖွင့်သေးဘူး။ စောင့်နေကြတဲ့သူတွေတော့ အများကြီးတွေ့ရတယ်။ ကြားရတဲ့သတင်းကတော့ တရုတ်ဘက်ခြမ်းက ပိတ်တုန်းကလည်း မြန်မာဘက်ခြမ်းကို တိုင်ပတ်ခြင်းမပြုဘဲ ပိတ်လိုက်တယ်။ အခုပြန်ဖွင့်တော့လည်း မြန်မာဘက်ခြမ်းက အောက်ခြေတာဝန်ရှိသူတွေနဲ့သာ တိုင်ပင်ထားရသေးပြီး အထက်ကလူကြီးတွေ ခွင့်ပြုချက်စောင့်ရဦးမယ့် အနေအထားလို့ကြားတယ်။” ဟု မူဆယ်ဒေသခံတစ်ဦးကလည်း ပြောပြခဲ့သည်။

 

“အခုဖွင့်လှစ်တဲ့ နယ်စပ်ဂိတ်တွေထဲမှာ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကိုတော့ မနက်(၈)နာရီကနေ ည(၉)နာရီထိ စာအုပ်အနီကိုင်ဆောင်ထားတဲ့သူတွေပဲ ဖြတ်လို့ရဦးမယ်လို့လည်းပြောတယ်။ ပြီးတော့ တစ်ခုထပ်ပြီး သတိထားရမှာက တရုတ်ဘက်မှာ ရောဂါတွေဖြစ်နေတုန်းလေ။ အခုဖွင့်တဲ့ဂိတ်တွေက ဇန်နဝါရီလ (၈) ရက်နေ့ကစတင်ပြီး မနက်(၈)နာရီကနေ့ ညနေ(၃) နာရီအထိ ကုန်ပစ္စည်းတွေတင်တဲ့ကားတွေကို အဓိကထား ဖွင့်လှစ်တဲ့ မန်ဝိန်းနယ်စပ်ဂိတ်ကို ယာဉ်မောင်းတစ်ယောက်တည်းကိုပဲ ရွှေလီမြို့အထိ ဝင်ခွင့်ပြုမယ်လို့ ပြောတယ်။” လို့ ဒေသခံတစ်ဦးမှလည်း ပြောပြသည်။

 

နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ဇန်နဝါရီလ(၃)ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများက အွန်လိုင်းအစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် နောင်တမ၊ မုံးကိုးနှင့်မန်ဝန်းကြီးဂိတ်များမှ ကြံနှင့်မီးသွေးများ သယ်ယူခြင်းကို ပိတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။