နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၇ အထိရောက်ရှိ စျေးကွက်မှာ ရွှေဆိုင်အချို့ အရောင်းပိတ်ထား

မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၇ အထိရောက်ရှိ စျေးကွက်မှာ ရွှေဆိုင်အချို့ အရောင်းပိတ်ထား

Hsan Loi Editor
28/01/2026
Share:
ကမ္ဘာ့ရွှေဈေးမြှင့်တက်မှုနှင့်အတူ ပြည်တွင်း ရွှေဈေးကွက်သည်လည်း လိုက်ပါမြှင့်တက်ကာ လက်ရှိ မြန်မာ့ရွှေစျေး ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း ၁၀၇ အထိ ရှိနေပြီး ရွှေ့ဆိုင်အချို့နှင့် ရွှေအရောင်းအဝယ်လုပ်သူများ စျေးကွက်မှာ အရောင်းပိတ်ထားကြောင်း သိရပါသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၅၀၈၀ ဒေါ်လာဖြစ်ကာ မြန်မာ့ ရွှေစျေးသည်လည်း ၁၆ ပဲရည် တစ်ကျပ်သားကို အရောင်းစျေး ၁၀၅ သိန်း ၇ သောင်း ကျပ်ရှိပြီး အဝယ်စျေးကို ၁ သိန်းကျပ်ခွာထားကြောင်း ရွှေအရောင်းအဝယ်လုပ်သူများထံမှ သိရသည်။
ယနေ့ မွန်းလွှဲပိုင်းအချိန်မှာတော့ ၁၆ ပဲရည် တစ်ကျပ်သားကို ၁၀၇ သိန်းကျော်ထိ ရောက်ရှိသွားပြီး စျေးတွေဆက်တိုက်တက်နေကာ အချိန်နဲ့အမျှစျေးနှုန်းများပြောင်းလဲနိုင်ကြောင်း သိရပါသည်။
May be an image of jewelry
ရွှေစျေးနှုန်းမြင့်တက်နေတာသည် ကမ္ဘာ့နိုင်ငံရေးနဲ့ ပထဝီဆိုင်ရာ မတည်ငြိမ်မှုများကြောင့် ဘေးကင်းတဲ့ ရင်းနှီးမြုပ်နှံမှုအဖြစ် ရွှေ အပေါ် စိတ်ဝင်စားမှု မြင့်တက်လာသဖြင့် ရွှေစျေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက်ရခြင်းမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့် ကမ္ဘာ့ရွှေစျေး မြင့်တက် လာခြင်းကြောင့် ဖြစ်ပြီး စျေးကွက်များထဲမှာလည်း ဝယ်သူမရှိသလောက် နည်းပါးနေကြောင်း သိရသည်။