နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာပြည်တဝှမ်း ထိတ်လန့်တုန်လှုပ်သွားသော မန္တလေးငလျှင် 

မြန်မာပြည်တဝှမ်း ထိတ်လန့်တုန်လှုပ်သွားသော မန္တလေးငလျှင် 

Hsan Loi Editor
17/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် (၃:၀၀) နာရီအချိန်က မန္တလေးမြို့၌ လူပ်ခပ်သွားသည့် ငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ် ပြည်ကြီးပျော်ဘွယ် အနောက်အကွက် (260) ပေါက်ပေါက်တန်းရပ် တိုက်တတိုက်တွင် ဘုရားစင်ကွာကျမှုနှင့် ပြည်ကြီးတံခွန်ရှိ ခန္တောတိုက် မဏိရတနာကျောင်းတိုက်မှ မျက်နှာကျက်များ ပြိုကျပြီး ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော် မြေခသည့် ပုံများဖြစ်ပါသည်။

 

မန္တလေးမှ ဒေသခံတဦး၏ ပြောပြချက်အရ စိုးရိမ်ထိတ်လန့်ဖွယ် မြေငလျှင်အသံကို ကြားရပြီးပြီးခြင်း အိပ်မပျော်နိုင်ပဲ တိုက်မြင့်နှင့် ကပ်လျက် နေထိုင်သောသူများသည် အိမ်အပြင်ပသို့ထွက်ခွာ၍ တိုက်မြင့်နှင့်ဝေးရာသို့ ခတ္တတိမ်းရှောင်ခဲ့ကြသည်ဟု ပြောပါသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီ၌လည်း အမရပူရ အနောက်တောင်ဘက် ၃ မိုင်အကွာမှ နောက်ထပ် ၁ ကြိမ်ခန့် ထပ်မံလှုပ်ခတ်သွားခဲ့သည်ဟု ပြောပါသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ငလျင်လှုပ်ပြီးသည့်နောက် မန္တလေးအိမ်တော်ရာ ဆင်တံတားထိပ်က

ဆင်ဖြူတော်ရုပ် အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/

 

Photos credit goes to the owners.