သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသား/သူ ၄,၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသား/သူ ၄,၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

Hsan Loi Editor
19/04/2026
Share:
ယနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဥ်းသား/သူ ၄၃၃၅ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဥ်းသား/သူ ၄၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာဖြစ်ပြီး “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့စည်းကမ်း သတ်မှတ်ချက်နဲ့ လွတ်ပေးခဲ့တာပါ။
ဒါ့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုပြီး နိုင်ငံခြားသား အကျဥ်းသား/သူ ၁၇၉ ဦးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က) အရ ကျန်ရှိတဲ့ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဥ်းသား/သူ တွေကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပြီး သေဒဏ် ပြစ်ဒဏ်ကျခံနေရသူ တွေကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲကျခံရန်၊ ထောင်ဒဏ်တစ်သက်နဲ့ နှစ်အကန့်အသတ် မရှိ ထောင်ဒဏ်ကျခံနေသူတွေကို ထောင်ဒဏ် နှစ် ၄၀ သို့ လျော့ပေါ့ကျခံရန်၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို နှစ် ၄၀ သို့ ပြောင်းလဲကျခံရန်၊ ထောင်ဒဏ် နှစ် ၄၀ နှင့် အောက်ကျခံနေရသူ တွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တာဖြစ်ပါတယ်။