သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေ အဆုံးသတ်စေရေး ကူညီပံ့ပိုးပေးရန် အမေရိကန်က ဆက်လက်သန္နိဋ္ဌာန်ချထားတယ်လို့ဆို

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေ အဆုံးသတ်စေရေး ကူညီပံ့ပိုးပေးရန် အမေရိကန်က ဆက်လက်သန္နိဋ္ဌာန်ချထားတယ်လို့ဆို

Hsan Loi Editor
14/04/2026
Share:
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဲ့ဒီအကျပ်အတည်းတွေ အဆုံးသတ်စေဖို့အတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ဆိုပါတယ်။
ဧပြီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ရဲ့ ၂၀၂၆ မြန်မာ့အတာသင်္ကြန် ပွဲတော်နဲ့ နှစ်သစ်ကူးကာလ ထုတ်ပြန်ချက်မှာ ပြောဆိုထားတာပါ။
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုတယ်လို့ မာကို ရူဘီယို က ဆိုပါတယ်။
သင်္ကြန်အခါသမယမှာ ပြီးခဲ့တာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး မြန်မာပြည်သူများ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခများကြားမှာ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီးဖြစ်ကာ သင်္ကြန်ရဲ့ အနှစ်သာရမှာ မိမိတို့ကို ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်များရှိကြောင်း သတိပေးနေတဲ့အတိုင်း မြန်မာပြည်သူတွေအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နဲ့ လာမည့်နှစ်သစ်မှာ မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။