နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြန်မာနိုင်ငံသည် ၉ နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်မားဆုံးနှစ်ဖြစ်ကြောင်း တွေ့ရဟုဆို 

မြန်မာနိုင်ငံသည် ၉ နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်မားဆုံးနှစ်ဖြစ်ကြောင်း တွေ့ရဟုဆို 

Hsan Loi Editor
27/01/2023
Share:

 

UNODC ၏ သုတေသနစစ်တမ်းအရ ၂၀၂၂ ခုနှစ်သည် မြန်မာနိုင်ငံအနေနှင့် ၉ နှစ်အတွင်း ဘိန်းထုတ်လုပ်မှု အများဆုံးနှစ်ဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်ဟုဆိုသည်။ ယခင်က တနှစ်လျှင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄၂၃ တန်မှ ၂၀၂၂ ခုနှစ်တွင် ၇၉၅ တန်ထိ တိုးမြင့်လာသည်ဟုဆိုသည်။

 

၂၀၀၂ ခုနှစ် သုတေသန စတင်ဆောင်ရွက်ချိန်မှစပြီး ၂၀၂၂ ခုနှစ်သည် အမြင့်ဆုံးနှစ်ဖြစ်သလို ၃၃% ရာခိုနှုန်းအထိတိုးလာရာ ၃ ဆခန့် တိုးမြင့်လာသည်။

 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုမြင့်မားလာခြင်းသည် စီးပွားရေးအကြပ်အတည်း၊ လုံခြုံရေးအကြပ်အတည်းနှင့် ဘိန်းထုတ်ကုန် ဝယ်ယူမှု မြင့်မားနေဆဲ ဖြစ်ခြင်းကြောင့်ဖြစ်သည်။

 

စီးပွားရေးဦးမော့လာဖူးသည့် ယခင်နှစ်များက ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားဖူးသည်။

 

စစ်ကောင်စီအာဏာသိမ်းယူပြီးသည့်နောက်ပိုင်း နယ်စပ်ဒေသများ သျှမ်း၊ တြိဂံနယ်မြေ၊ ထိုင်းနယ်စပ်တလျှောက် စိုက်ပျိုးတောင်သူများအနေနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများအတွက် ရွေးချယ်စရာမရှိတော့ပဲ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဘက်သို့ ပြန်လှည့်လာခဲ့ရသည်။

 

၂၀၂၀ ခုနှစ် တနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၄၀၀ ခန့်ထိ ကျဆင်းခဲ့ဖူးသော်လည်း တြိဂံနယ်စပ်သည် ယခုတဖန် ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးဘက်သို့ ပြန်လှည့်လာခဲ့သည်။

 

စစ်ကောင်စီက အာဏာသိမ်းယူလိုက်ချိန်မှစပြီး ရူပ်ထွေးနေခြင်းကြောင့် အလှမ်းဝေးသည့်ဒေသများရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဘက်သို့ ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ပြည်တွင်းပြည်ပ ပဋိပက္ခ အကြပ်အတည်းနှင့် ငွေကြေးဖောင်းပွမှု၊ ယူကရိန်း-ရုရှား စစ်ပွဲတို့၏ ဂယက်ကြောင့်လည်း ဖြစ်လာသည်။

 

တောင်သူများ၏ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အဓိက အကြောင်းအရင်းသည် ဝမ်းရေးပြဿနာ ဖြစ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်ရေး အဆင့်ဆင့်သည် အလုပ်သမားများစွာကို အသုံးပြုရသည်ဖြစ်ရာ အခြားစီးပွားရေးကဏ္ဍများ အလုပ်မဖြစ်တော့သည့်အခါ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဘက်သို့ လှည့်လာရခြင်း ဖြစ်သည်။

 

ကမ္ဘာတဝှမ်း မြန်မာနိုင်ငံနှင့် အာဖကန်နစ်စတန်နိုင်ငံတို့သည် ဘိန်းဖြူ ဟီးရိုးအင်း ထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် နံပါတ် ၂ ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှု ငွေစီးဆင်းမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ထောင်ခန့်ရှိပြီး ဟီးရိုးအင်း ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားမှု ငွေစီးဆင်းမှုပမာဏ ဒေါ်လာ ၁ သောင်းအထက် ရှိသည်။

 

ယမန်နှစ်က မြန်မာနိုင်ငံအတွင်း ဘိန်းတကီလိုစျေးသည် အမေရိကန် ဒေါ်လာ ၂၈၀ ခန့်ဖြစ်သည်။