နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မဲဆောက်မှာ ထိုင်းရဲအရာရှိတစ်ဦးကို ပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာတစ်ဦး ယခုချိန်ထိ လွတ်မြောက်နေဆဲ

မဲဆောက်မှာ ထိုင်းရဲအရာရှိတစ်ဦးကို ပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာတစ်ဦး ယခုချိန်ထိ လွတ်မြောက်နေဆဲ

Hsan Loi Editor
22/01/2026
Share:
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းရဲအရာရှိတစ်ဦးကို ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးနေပြီး ယခုချိန်ထိ ဖမ်းဆီးရမှု မရှိသေးဘူးလို့ ထိုင်းသတင်းတွေကဆိုပါတယ်။
No photo description available.
ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တော့ဖောင်းအထည်ချုပ်စက်ရုံဘေး ရှိ 7 Eleven စတိုးဆိုင်အနီးမှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲက ရပ်တန့်စစ်ဆေး နေချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မင်းစိုးသူ အသက် ၂၀ နှစ်ရှိ ဆိုသူကိုတော့ အခင်းဖြစ်ရာနေရာမှာ ဖမ်းဆီးရမိခဲ့တာပါ။
May be an image of dog and grass
သေနတ်နဲ့ ပစ်ခတ်သူ အသက် ၂၀ အရွယ်ရှိ နိုင်အောင် ကတော့ လက်ရှိအချိန်မှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး သူ့ကိုဖမ်းဆီးရမိဖို့ အင်အား ၁၀၀ ကျော် ပါဝင်တဲ့ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် လက်နက်ရောင်းဝယ်ဖောက်ကားမှုကွန်ယက်မှ သံသယရှိသူ နှစ်ဦးထံကနေ လက်နက်ဝယ်ယူရန် ထောင်ချောက်ဖမ်း စီစဥ်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့တွေ ဖမ်းဆီးဖို့ ချဥ်းကပ်လာချိန်မှာ သံသယရှိသူ တစ်ဦးက သေနတ်နဲ့ ခုခံပစ်ခတ်ခဲ့တာကြောင့် ထိုင်းရဲတစ်ဦး ကျည်ထိမှန်ကာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီး ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။
No photo description available.
လွတ်မြောက်နေဆဲဖြစ်တဲ့ နိုင်အောင် ဟာ ထိုင်း−မြန်မာနယ်စပ်အနီးက ကြံခင်းဘက် ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပြီး သေနတ်ပစ်သမားရဲ့ အဝတ်အစားနဲ့ သေနတ်ရှာတွေ့ထားပြီး လူကိုတော့ မဖမ်းမိသေးဘူးလို့ ထိုင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ယခုနေ့လည်ပိုင်းချိန်အထိ ထိုင်းအာဏာပိုင်တွေက ဒရုန်းအသုံးပြုပြီး လေကြောင်းရှာဖွေမှုပြုလုပ်ကာ မြေပြင်မှာလည်း ရဲမှုခင်းတပ်ဖွဲ့အပြင် K9 အဖွဲ့ဝင်များ ပါဝင်ပြီး သံသယရှိသူကို ဆက်လက်ရှာဖွေ နေတယ်လို့ သိရပါတယ်။