နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့ ဆီသိုလှောင်ကန် မီးလောင်မှုမှာ တရုတ်နိုင်ငံက မီးသတ်ကားတွေပါ လာရောက်ငြိမ်းကူ

မူဆယ်မြို့ ဆီသိုလှောင်ကန် မီးလောင်မှုမှာ တရုတ်နိုင်ငံက မီးသတ်ကားတွေပါ လာရောက်ငြိမ်းကူ

Hsan Loi Editor
21/10/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ မုံးပေါ်ဆီဆိုင် အနောက်ဘက်ရှိ ဆီသိုလှောင် ကန်မှာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံမှ သိရပါတယ်။
“မနက်ကတည်းက မီးစလောင်တာ အခု မွန်းလွှဲပိုင်း ၃ နာရီအထိ မီးမငြိမ်းသေးဘူး၊ မီးသတ်ကားတွေလည်း အများကြီး ကြိုးစားပြီး မီးငြိမ်းနေကြတယ်၊ တရုတ်နိုင်ငံဘက်က မီးသတ်ကား တွေလည်း လာကူငြိမ်းပေးတယ်” လို့ ဆိုပါတယ်။
မုံးပေါ်ဆီဆိုင်က ဆီသိုလှောင်ကန်မှာ ဆီဖြည့်ရင်း ပေါက်ကွဲမှုဖြစ်ကာ မီး စလောင်တာဖြစ်တယ်လို့ သိရပြီး တရုတ်နိုင်ငံ ရွှေလီ ဂျယ်ဂေါင်မှ မီးသတ်ကားတွေပါ လာရောက်မီးငြိမ်းကူတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
မီးလောင်ရာနေရာသို့ မူဆယ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းမှ မီးသတ်ယာဥ် စုစုပေါင်း ၈ စီး၊ ရေသယ်ယာဥ် ၂၁ စီးနဲ့ မီးငြိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး လူထိခိုက်မှုမရှိဘူးလို့ သိရကာ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းဆဲ ဖြစ်ပါတယ်။
Video – Cj