နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့ရှိ ငါးပစ်ဂိမ်းဆိုင်တစ်ဆိုင် ဗုံးဖြင့်ပစ်ခံရပြီး (၄)ဦး ဒဏ်ရာရ

မူဆယ်မြို့ရှိ ငါးပစ်ဂိမ်းဆိုင်တစ်ဆိုင် ဗုံးဖြင့်ပစ်ခံရပြီး (၄)ဦး ဒဏ်ရာရ

Hsan Loi Editor
28/04/2024
Share:

 

ဒုစရိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိသည့် မူဆယ်မြို့တွင် ယမန်နေ့ ဧပြီလ(၂၇)ရက် ည ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်(၁)ရှိ ရွှေသမင် ငါးပစ်ဂိမ်းဆိုင်ကို လူတစ်စုက ဗုံးဖြင့် လာပစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“လက်နက်ကိုင်တွေနဲ့ မသမာသူတွေက ငွေပေးဖို့ တောင်းတာကို မပေးတဲ့အတွက် ဗုံးနဲ့ဆိုင်ထဲကို လာပစ်သွားတာပေါ့။ ဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်း ကျား(၁)ယောက်၊ မ(၃)ယောက် ဒဏ်ရာရတယ်။ မူဆယ်မှာက လက်နက်နဲ့လုယက်မှုတွေ၊ ဓားပြမှုတွေအပြင် အခုလို ခြိမ်းခြောက်ပြီး ငွေတောင်းတာတွေက နေ့တိုင်းလိုလိုဖြစ်နေပြီ။”ဟု မူဆယ်ဒေသခံ သျှမ်းတိုင်းရင်းသားတစ်ဦးက ပြောပြသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း၏ နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာရှိသလို ဌာနေပြည်သူ့စစ်များလည်းရှိသည်။ မြို့အတွင်း လောင်းကစားဂိမ်းများကို ပြည်သူ့စစ် လုံခြုံရေးဖြင့် ဖွင့်လှစ်ကစားနေသည်မှာ တရားဝင်အတိုင်းဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။