နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဘုရားမီးပူဇော်ရာမှတဆင့် နေအိမ် ၂ အိမ်မီးလောင်မှုဖြစ်ပွား 

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဘုရားမီးပူဇော်ရာမှတဆင့် နေအိမ် ၂ အိမ်မီးလောင်မှုဖြစ်ပွား 

Hsan Loi Editor
01/09/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူနေအိမ် ၂ အိမ် မီးလောင်ပြာကျခဲ့ရသည်။

 

စယ်လန့်ကျေးရွာ ဦးစိုင်းဆမ်ကျော်ငင်း နေအိမ်မှ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မတော်တဆမီးလောင်ကျွမ်းမှုဖြစ်ပွားကာ အနီးရှိ နောက်ထပ်နေအိမ်တစ်အိမ်ကိုပါ မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

“ မနက်ပိုင်း ဆွမ်းတော်တင်ရင်း ဖယောင်းတိုင်နဲ့ ဘုရားမီးထွန်းပူဇော်ရင်းကနေ မီးစလောင်တာပါ။ အဲ့ကနေတဆင့် ဘေးအိမ်တွေကိုပါ မီးကူးပြီး နောက်ထပ်အိမ်တစ်အိမ်ပြာကျသွားတယ်။ နောက်မှ TNLA နဲ့ SSPP အဖွဲ့တွေက မီးလာငြိမ်းကူလို့ မီးလောင်ပြီး ၁ နာရီလောက်အကြာမှ မီးငြိမ်းသတ်နိုင်ခဲ့တာပါ။ သူက ဘုရားမီးထွန်းပြီး ဘေးအိမ်ကိုအလည်သွားရာကနေ ဖယောင်းတိုင်မီးကုန်ပြီး မီးကူးကုန်လို့ အိမ် ၂ အိမ်ပြာကျရတာပေါ့။” ဟု စယ်လန့်ကျေးရွာက ဒေသခံ တစ်ဦးကပြောပြသည်။

 

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂ အိမ်အပြင် အိမ်စီးကားတစ်စီး၊ ထော်လာဂျီတစ်စီး၊ စပါးစိုက်စက် ၂ စီး၊ စပါးရိတ်စက်တစ်စီး၊ လယ်ထွန်စက် ၂ စီး၊ သုံးဘီးဆိုင်ကယ် ၁ နှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျခဲ့ကြောင်း သတင်းရရှိသည်။