နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံမိဘပြည်သူများနှင့် သံဃာတော်များ ပန်ခမ်းဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံလျက်ရှိ၊ ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိထား

မူဆယ်မြို့နယ်တိုက်ပွဲကြောင့် ဒေသခံမိဘပြည်သူများနှင့် သံဃာတော်များ ပန်ခမ်းဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံလျက်ရှိ၊ ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိထား

Hsan Loi Editor
22/09/2023
Share:

 

မူဆယ်မြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝိန်းနန်းကျေးရွာ၊ ဟိုပေါ့ကျေးရွာ၊ ခိုးဝိန်းကျေးရွာတို့မှ မိဘပြည်သူများသည် နီးစပ်ရာ ဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထို့အထဲတွင် လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံမိဘပြည်သူအချို့နှင့် သံဃာတော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

 

“(၂)ဘက်သော တပ်တွေက အပြန်အလှန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတော့ ဘုန်းကြီးကျောင်းတွေရော ရွာထဲကအိမ်တွေပါ ထိခိုက်ပျက်စီးကုန်တယ်။ ကျန်းဆာကျေးရွာက အမျိုးသမီးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စထိပြီး ထိခိုက်ဒဏ်ရာရတယ်။ စယ်လန့်ကျေးရွာအုပ်စု ဆုတောင်းပြည့်ကျောင်းမှ ကျောင်းထိုင်ဆရာတော်လည်း လက်နက်ကြီးကျည်ကျောင်းပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။” ဟု မူဆယ်မြို့နယ် လူငယ်ခေါင်းဆောင်ဒေသခံတစ်ဦးကပြောပြသည်။

 

လက်ရှိတွင် မူဆယ်မြို့နယ် ပန်ခမ်းရွာဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်အိမ်ထောင်စု(၁၉)စုနှင့် အနီးပတ်ဝန်းကျင်မှ သံဃာတော်များ ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။