နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်း(၃)ခုအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ဖော်ပြ

မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်း(၃)ခုအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ဖော်ပြ

Hsan Loi Editor
30/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်း(၃)ခုအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့အောက်တိုဘာလ(၃၀)ရက်နေ့တွင် MNDAA မှ ထုတ်ပြန်ကြေညာခဲ့သည်။

 

စစ်ကောင်စီတပ်စခန်းအပါအဝင် စစ်ကောင်စီ၏ တပ်သား(၃၀)ဦးကျော်ခန့်နှင့် လက်နက်ခဲယမ်းများစွာကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ ဒါ့အပြင် သိန္နီမြို့မရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြလာပါသည်။

 

ယနေ့ ညနေပိုင်းတွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတစ်ဝိုက်ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ထိန်းချုပ်ထားလျက်ရှိပြီး ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းအား ပိတ်ဆို့ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထိ မြောက်ပိုင်းမဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေး ကူးစက်ရောက်ရှိသွားပြီဖြစ်ပြီး ထီးချိုင့်မြို့နယ်တွင်လည်း AA အဖွဲ့နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဝင်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။