နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး (၅၀) ဦး ဒဏ်ရာရဟု KNU ထုတ်ပြန်

မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး (၅၀) ဦး ဒဏ်ရာရဟု KNU ထုတ်ပြန်

Hsan Loi Editor
09/12/2023
Share:

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အတွင်း KNU/KNLA လက်အောက်ခံတပ်ရင်းများနှင့် ပူးပေါင်းအဖွဲ့သည် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ခမရ(၅၉၀)တပ်ရင်းဌာနချုပ်၊ မုန်းမြို့မရဲစခန်းနှင့် ကော့ပြင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၅၉၉)တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ဖော်ပြခဲ့သည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၅၀)ဦးရှိသလို တော်လှန်ရေးတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟုဆိုသည်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထုများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟုဆိုသည်။

 

ယခုအခါ မုန်းမြို့အား စစ်ကောင်စီမှ ပြန်လည်နေရာယူလာသောကြောင့် ထိခိုက်သေဆုံးသူ ပြည်သူလူထုနှင့် လူနေအိမ်ပျက်စီးမှုအနေအထားအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။