နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် စဉ့်အင်ယာယီတံတား ပိတ်ထားရပြီး ကားပိတ်နေ

မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် စဉ့်အင်ယာယီတံတား ပိတ်ထားရပြီး ကားပိတ်နေ

Hsan Loi Editor
03/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-လားရှိုးလမ်း စဉ့်အင်ယာယီတံတားအား မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် မြစ်ရေတက်လာပြီး ဖြတ်သန်းခွင့်ပိတ်ထားရကြောင်း သိရသည်။

 

“ မနေ့ကတည်းက မိုးရွာလို့ တံတားကနေဖြတ်လို့မရတော့ဘဲ ဖောင်နဲ့ဖြတ်နေရတယ်။ ကားတွေကများပြီး မိုးကလည်းရွာတော့ ကားတွေရာနဲ့ချီပိတ်မိနေတယ်။ ဖြတ်သန်းခကတော့ ဖောင်နဲ့ပဲဖြစ်ဖြစ် တံတားနဲ့ပဲဖြစ်ဖြစ် နှစ်သောင်းကျပ်ပေးရတယ်။” ဟု အဆိုပါတံတားအား ဖြတ်သန်းခဲ့သော သီပေါဒေသခံတစ်ဦးကပြောပြသည်။

 

ယနေ့ ညပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် ခရီးသွားများအနေဖြင့် လမ်းခရီးစုံစမ်းပြီးမှ သွားရန် လိုအပ်သည်။

 

စဉ့်အင်တံတားသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး (၁၀၂၇) ကာလအတွင်း မိုင်းခွဲဖျက်ဆီးခံထားရခြင်းဖြစ်ကာ ယနေ့အထိပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးပါ။