နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပင်လောင်းမြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပင်လောင်းမြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်

Hsan Loi Editor
01/08/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များအထိ ရေဝင်လျက်ရှိကြောင်း သိရသည်။

 

“ ပင်လောင်းမှာ တခါမှရေကြီးတယ်ဆိုတာ မကြုံဖူးဘူး။ ပင်လောင်းဆိုတာက တောင်ပေါ်မြို့ဖြစ်တဲ့အပြင် ရေလည်းရှားတဲ့နေရာလေနော်။ အခုက မိုးတွေဆက်တိုက်ရွာပြီး မြောင်းတွေထဲရေပိတ်လို့ စံချိန်တင်မြို့ထဲမှာရေကြီးတယ်ပြောလို့ရတယ်။ အိမ်ထဲအထိရေတွေဝင်နေပြီ နောက်ထပ် ၂ ရက်လောက်မိုးထပ်ရွာရင်တော့ ပိုဆိုးလာဦးမယ်ထင်တယ်။” ဟု ပင်လောင်းမြို့ခံတစ်ဦးက ပြောပြသည်။

 

ပင်လောင်းမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အပြင် နွေရာသီအတွင်း သုံးအရေအတွက်ပင် ခက်ခဲသော ဒေသဖြစ်သည်။ ယနေ့ ဩဂုတ်လ (၁) ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းနေပြီး ကားလမ်းမကြီးအပေါ်ထိ ရေတက်နေကြောင်း သိရသည်။