နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်−တောင်ကြီးလမ်းပိုင်း ရေကျော်ကာ ဖြတ်သန်းသွားလာလို့ မရဘဲ ကုန်တင်ကားကြီးတွေ သောင်တင်နေ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်−တောင်ကြီးလမ်းပိုင်း ရေကျော်ကာ ဖြတ်သန်းသွားလာလို့ မရဘဲ ကုန်တင်ကားကြီးတွေ သောင်တင်နေ

Hsan Loi Editor
11/11/2026
Share:
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်လင်မြို့အထွက် လွိုင်လင်−တောင်ကြီးလမ်းပိုင်းမှာ ကားလမ်း ရေကျော်ကာ ဖြတ်သန်းသွားလာလို့ မရဘဲ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှာ ကုန်တင်ကားကြီးတွေ သောင်တင်နေတယ်လို့ ခရီးသွားများထံမှ သိရပါတယ်။
No photo description available.
၃ ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် လွိုင်လင်မြို့အထွက် တိုးဂိတ်အကျော်က တံတားဖြူနားမှာ ရေကြီးရေလျှံဖြစ်နေတာ ရေအနက် ၈ ပေခန့်ရှိတယ်လို့ သိရပြီး ကုန်တင် ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရဘူးလို့ သိရပါတယ်။
“ အခုလောလောဆယ်တော့ လမ်းပိတ်ထားပါတယ်၊ ကားငယ် ဆိုရင်တော့ ကွင်းလမ်းကနေ ပတ်သွားလို့ ရတယ်ပြောကြတယ်၊ ကွင်းလမ်းဘက်က ကားကြီးတွေ သွားမရလို့ ဒီလမ်းကပဲသွားရမှာ၊ ရေကလည်း ရေသေဆိုတော့ ရေကျဖို့တော်တော်တော့ စောင့်ရမယ်၊ အခုကားကြီးတွေ သောင်တင်နေပါတယ်” လို့ ကုန်ကားသမားတစ်ဦးထံမှ သိရပါတယ်။
လွိုင်လင်ကွင်းလမ်းအနေနဲ့ ရွှေရောင်လမ်း ဆီပန့်ဆိုင်ဘေးက အမှိုက်ကျင်း သွားလာလမ်းကနေ သွားရတာဖြစ်ပြီး ကားငယ်တွေ သွားလာလို့ အဆင်ပြေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး လမ်းပိုင်းအချို့မှာ ကားလမ်းရေကျော်တာ၊ တောင်ပြိုတာ စတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ခရီးသွားပြည်သူများအနေနဲ့ စုံစမ်းမေးမြန်း သွားလာကြဖို့ ခရီးသွားအချင်းချင်း သတိပေးပြောဆိုနေကြပါတယ်။
May be an image of body of water
သျှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။