ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေမြင့်တက်လာကာ အနိမ့်ပိုင်း ရပ်ကွက်အတွင်းရှိ လမ်းမတွေပေါ်ထိ ရေကြီးရေလျှံဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ကလောမြို့မှာ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက ယနေ့နံနက်ပိုင်းအထိ မိုးသည်ထန်စွာ ရွာသွန်းကာ ကလောချောင်းဘေးရှိ နေအိမ်များအတွင်း ရေဝင်ရောက်လျက်ရှိတယ်လို့ ကလောဒေသခံများထံမှ သိရပါတယ်။

“မိုးက မနေ့တည်းက တစ်ညလုံး ဆက်တိုက်ရွာနေတာ ဒီနေ့မနက်အစောပိုင်း ၅ ခွဲ ၆ နာရီလောက်မှာ ရေတွေ စတက်လာတာ၊ ပလောင်စျေးတန်းနားတဝိုက်မှာ ရေတွေလျှံနေတယ်” လို့ဆိုပါတယ်။

မိုးဆက်လက်ရွာသွန်းနေတာကြောင့် ကလောချောင်းရေ ထပ်တက်လာနိုင်ကာ ချောင်းနဘေးရှိ နေအိမ်တွေ အထူးဂရုစိုက်ကြဖို့ လိုတယ်လို့သိရပါတယ်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်နယ် အတွင်းရှိ နေရာတော်တော် များများမှာ ယနေ့နံနက်ပိုင်းက စတင်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။