နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်−မိုင်းပွန်လမ်းကြားရှိ ခေါင်းနွှဲ့တောင် မှာ မြေကျွံကျပြီး ဂလိုင်ပေါက်ကြီးဖြစ်ပေါ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်−မိုင်းပွန်လမ်းကြားရှိ ခေါင်းနွှဲ့တောင် မှာ မြေကျွံကျပြီး ဂလိုင်ပေါက်ကြီးဖြစ်ပေါ်

Hsan Loi Editor
28/09/2026
Share:
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီကနေ့ စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်−မိုင်းပွန် ပြည်ထောင်စုလမ်းမပေါ်ရှိ ခေါင်းနွှဲတောင်မှာ တောင်ကျရေကြောင့် ကားလမ်းမကြီး အောက် မြေကျွံကျပြီး ဂလိုင်ပေါက်ကြီး ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတစ်ဦးထံမှ သိရပါတယ်။
အဆိုပါလမ်းပိုင်းအသုံးပြုသူတွေ အန္တရာယ်မဖြစ်စေဖို့ သတိပေးတဲ့အနေနဲ့ ခရီးသွားပြည်သူတစ်ဦးက ကျောက်တုံးများချကာ အမှတ်အသားပြုလုပ်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ တောင်စောင်းတွေမှာ လမ်းပခုံး ရေနှုတ်မြောင်းမပါပဲ ဖြစ်သလို ခင်းထားကြတော့ အခုလို မိုးများတဲ့ ချိန်ဆို အပေါ်က တောင်ကျရေအရှိန်နဲ့ဆို လမ်းတွေပျက်စီးနိုင်တယ်၊ အခုလို ဂလိုင်ပေါက်တွေ ဖြစ်သွားတော့ တွဲကားတွေ၊ ကုန်တင်ကားတွေအတွက် အရမ်းအန္တရာယ်များတယ်၊ သက်ဆိုင်ရာ လမ်းဦးစီးနဲ့ တာဝန်ယူတည်ဆောက်တဲ့ ကုမ္ဗဏီတွေ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးသင့်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
တောင်ကြီး−မိုင်းပွန်−လွိုင်လင် ပြည်ထောင်စုလမ်းပိုင်းဟာ မိုးတွင်းကာလမှာ မကြာခဏ တောင်ပြိုမှု ဖြစ်ပွားတဲ့ လမ်းပိုင်းဖြစ်ပြီး အခုလို လမ်းမကြီးအောက်ပိုင်း ဂလိုင်ပေါက်ကြီး ဖြစ်ပေါ်တဲ့ အတွက် ၎င်းလမ်းပိုင်းကို အသုံးပြုတဲ့ ကုန်တင်ယာဥ်ကြီးများနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထား မောင်းနှင် ကြဖို့ ပြည်သူတွေ အချင်းချင်းသတိပေးနေကြပါတယ်။