နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) ချီဆက် အင်အားပြ

မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) ချီဆက် အင်အားပြ

Hsan Loi Editor
30/10/2024
Share:

 

ယမန်နေ့ အောက်တိုဘာလ (၂၈) ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အား ရာနှင့်ချီ၍ ချီတက်အင်အားပြခဲ့ကြောင်း သတင်းရရှိသည်။

 

သျှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ ပင်လည်ဘူး၊ မော်လိုက်၊ ကသာ၊ ဗန်းမောက်၊ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း နှင့် အင်းတော်ကြီးဒေသတို့တွင် လှုပ်ရှားသော အဖွဲ့ဖြစ်သည်။

 

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ သျှမ်းနီတိုင်းရင်းသားများနှင့် အရပ်သားပြည်သူများအား ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အနိုင်ကျင့်မှုများအန္တရာယ်မှ ကာကွယ်နိုင်ရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။