နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းရှူးတောင်ပေါ်တွင် မြေပြိုမှုကြောင့် လူ ၄ ဦးပျောက်ဆုံးပြီး ၃ ဦးကိုသေဆုံးလျှက်ပြန်တွေ့

မိုင်းရှူးတောင်ပေါ်တွင် မြေပြိုမှုကြောင့် လူ ၄ ဦးပျောက်ဆုံးပြီး ၃ ဦးကိုသေဆုံးလျှက်ပြန်တွေ့

Hsan Loi Editor
09/09/2026
Share:
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဆိုင်းလျှံဒေသ တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားပြိုကျပြီး လူ ၄ ဦးပျောက်ဆုံးကာ ၃ ဦးကို သေဆုံးလျှက်ပြန်တွေ့ ရကြောင်းဒေသခံများထံမှ သိရသည်။
” သူတို့ က မိသားစုဝင်တွေလို့ သိရတယ်စိတ်မကောင်းပါဘူး တောင်စောင်းကမြေတွေ အိမ်ပေါ်ပြိုကျပြီး လူ၄ ယောက်စလုံးပါသွားတာ ၊ ကယ်ဆယ်ရေးတွေ တစ်နေကုန် ရှာကြတာ ယောကျ်ားလေး ၃ ယောက် ရဲ့အလောင်းပဲ ပြန်တွေ့တယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုင်းရှူး တောင်ပေါ် ၊ ဆိုင်းလျှံဒေသ ၊ နှစ် ပေါင်ဝ နေရာတွင်ယနေ့ စက်တင်ဘာလ ၈ ရက်၊ ယနေ့ နံနက် ၇ နာရီ ခန့်က တောင်စောင်းမြေ ပြိုကျပြီး နေအိမ် ၂ လုံးပေါ်သို့ ပိမိကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက နံနက် ၇ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး နှင့် နေ့လယ် ၁၂ နာရီခွဲခန့်တွင် အမျိုးသား နှစ်ဦးကိုလည်း ကောင်းသေဆုံးလျက် တွေ့ရှိခဲ့ ပြီး ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ယခင်နှစ် ၂၀၂၅ ခုနှစ်ဇူလိုင်လ တွင်လည်း မိုင်းရှူးတောင် ပေါ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားပြိုကျပြီး နေအိမ် ၂ လုံးပြိုကျဖူးသည် ။