နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းဖုန်းဆရာတော် တောင်ကြီးမြို့ကနေ ပင်လုံကိုကြွချီမေတ္တာ ပို့တရားရေအေးတိုက်ကျွေးမယ်လို့သိရ 

မိုင်းဖုန်းဆရာတော် တောင်ကြီးမြို့ကနေ ပင်လုံကိုကြွချီမေတ္တာ ပို့တရားရေအေးတိုက်ကျွေးမယ်လို့သိရ 

Hsan Loi Editor
17/01/2025
Share:

 

မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ တောင်ကြီးမြို့ကနေ ပင်လုံ နန်းကင်ပူစေတီ၊ပင်လုံမွေတော်ကျောင်း၊နောင်လှိုင်အထွက် ပန်ကန်(ပၢင်ႇၵၼ်)တို့ မှာ ထီးတော်တင်မှာဖြစ်ပြီး ဒေသ ခံတွေကိုလည်း မေတ္တာ ပို့တရားရေအေးတိုက်ကျွေး မယ်လို့သိရပါတယ် ။

 

” ပင်လုံက မိတ်ဆွေတွေ မိမိသွားလာလို့အဆင်ပြေတဲ့နေရာမှာ အမိအရ စောင့်ပြီးဖူးမျှော်နိုင်ပါတယ်။ပန်ကန်ရွာမှာ ညကျိမ်းစက်မယ်လို့ သိရပါတယ်။အနဲဆုံး တစ် ည၊အများဆုံး ၃ ညလောက် မေတ္တာပို့ တရားပွဲ ရှိနိုင်တယ်။ရှမ်းပြည်ရဲ့ ဆောင်းရာသီမို့လို့ တရားသွားနာမယ်ဆိုရင် အကျီထူ၊ဦးထုပ်၊ခြုံထည်၊ခြေအိတ်အပြည့်အစုံပြင်ဆင်ယူဆောင်သွားကြပါ ” လို့ ဆရာတော်ရဲ့ တပည့်သာဝကတစ်ဦးက ပြောပါတယ် ။

 

ဇန်နဝါရီ ၁၅ နဲ့ ၁၆ ရက်မှာဆရာတော်ဘုရား တောင်ကြီး (ဟိုပုံးလမ်းမကြီး)အထွက် ၂မိုင်ချယ်ရီအိမ်ယာဝင်းအတွင်း တည်ထားတဲ့ ဆုတောင်းပြည့်စေတီကိုထီးတော်၊စိန်ဖူးတော်တင်ခဲ့ပါတယ် ၊ဗုဒ္ဓတက္ကသိုလ် မှာ တရားရေးအေးတိုက်ကျွေးပြီး တစ်ညထပ်မံကျိမ်းစက်ခဲ့တယ်လို့ သိရပါတယ် ။

 

” ပင်လုံပြီးရင် လဲချား၊မိုင်းကိုင် ခွန်ဆမ်လော နန်းဦးပျဥ်စေတီရေစက်ချမယ် အဲ့ဒီကတစ်ဆင့် မိုင်းနောင် ၊ ဝမ်စိမ်း ကို ဆက်လက်ကြွချီမယ်လို့ သိရပါတယ်။ဝမ်းစိမ်းအထိပဲ မိန့်ပါသေးတယ်” လို့ ဆရာတော်ရဲ့ခရီးစဉ်မှာ အတူလိုက်ပါနေတဲ့ ဥပသကာကပြောပါတယ် ။

 

ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း မိုင်းဖုန်းဆရာတော် လွိုင်လင်ကိုကြွချီပြီး လွိုင်လင် ဆု‌တောင်းပြည့်ရတနာမာရ်အောင် မင်္ဂလာစုမ့်မိန်း စေတီတော်မြတ်အား မိုင်းဖုန်းဆရာတော် နဲ့ လွိုင်လင် ဓါတ်တော်ကျောင်း ဆရာတော်တို့ဦးဆောင်ပြီး ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းထီးတော်စိန်ဖူးတော် တင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။

 

Photp credit – sao su kham.