နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းဖုန်းဆရာတော်၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲကို တာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာမှာ ကျင်းပမည်

မိုင်းဖုန်းဆရာတော်၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲကို တာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာမှာ ကျင်းပမည်

Hsan Loi Editor
16/12/2024
Share:

 

မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ ၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကို သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ နေ့စဉ် နံနက်(၄း၀၀)နာရီအချိန်တွင်လွန်းလိန်းစေတီတော်မှာ ဘုရားရှိခိုးပူဇော်ပြီး နှီးဘုရား ကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ဖြစ်ကာ နေ့စဉ် နံနက်(၁၀း၀၀)နာရီနှင့် ညနေ (၃း၃၀)အချိန်တွင် နှီးဘုရားအနီးရှိ တရားဟောစင် တွင် တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။

 

ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်မှာတော့ ဝိဇာတမွေးနေ့ပွဲတော်ပြုလုပ်မည်ဖြစ်ပြီး ညနေ (၃း၃၀)နာရီအချိန် နှီးဘုရားအနီးရှိ တရားဟောစင် တွင် တရားဟောကြားမည်ဖြစ်သည်။

 

ဇန်နဝါရီလ(၅)ရက် နံနက်(၄း၀၀)နာရီ လွန်းလိန်း စေတီတော်တွင် ဘုရားရှိခိုးပူဇော်ပြီး ညနေ(၃း၀၀) နာရီအချိန်တွင် မိုင်းဖုန်းဆရာတော်အား ရေသပ္ပယ်ပူဇော်မည်ဖြစ်ကာ ၎င်းနေ့တွင် မိုင်းဖုန်းဆရာတော်သည် ဝစီပိတ် အဓိဌာန် ဝင်မည်ဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ တပည့်သာဝကထံမှ သိရသည်။

 

ဇန်နဝါရီလ(၆)ရက် နံနက်(၉း၀၀)နာရီ လွန်းလိန်း စေတီတော်ကျောင်းဝင်း ဆွမ်းစားကျောင်းဆောင် အနီးရှိ ဓမ္မာရုံကြီးတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီးအား ရှိခိုးကန်တော့ပြီး ဝိဇာတမွေးနေ့ပွဲအလှူအား ရေစက်ချအမျှဝေမည်ဖြစ်သည်။

 

မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲကာလအတွင်း အခမဲ့ ကျွေးမွေးလှူဒါန်းခြင်းများကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး လွန်းလိန်းစေတီတော် ဧရိယာအတွင်းဈေးရောင်း ချခြင်း လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။