ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မိုင်းဖုန်းဆရာတော်ဘုရားကြီး မိုင်းပျဥ်းမြို့နယ် ဂျာမိအ်ဗလီသို့ ကြွရောက်

မိုင်းဖုန်းဆရာတော်ဘုရားကြီး မိုင်းပျဥ်းမြို့နယ် ဂျာမိအ်ဗလီသို့ ကြွရောက်

ahadmin
16/10/2022
Share:
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် ယနေ့ နံနက်ပိုင်း ၁၁း၀၀ နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ် မိုင်းပျဥ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ပျက်ရွာရှိ မတ်စ်ဂျိဒိ ရယှီဒီယဟ် ဂျာမိအ်ဗလီသို့ မိုင်းဖုန်းဆရာတော် ကြွရောက်လာပြီး အလှူငွေများ ပေးအပ်သွားသည်ဟု သိရသည်။
ဗလီရှေ့ဆောင်ဆရာအား ဆုတောင်း ဒုအာပြုစေကာ ဗလီဝတ်ကျောင်းတော်၏ လိုအပ်သည့်နေရာသုံးစွဲရန်အတွက် အလှူငွေ ၁၀ သိန်းကျပ်၊ ဗလီရှေ့ဆောင်ဆရာအတွက် ၅ သိန်း ၃ ထောင်ကျပ်၊ ဗလီ နာယက ဟာဂျီဦး ပီစိုင်းနှင့် ဇနီးတို့အား ၂ သိန်းကျပ်၊ ဗလီဝတ်ကျောင်းတော်ဝင်းအတွင်း ရောက်ရှိလာသော အစ္စလာမ်ဘာသာဝင် မိသားစုများအား ၁ ဦးလျှင် ဘတ် ၅၀ စီ လှူဒါန်းခဲ့သည်ဟု သိရသည်။
မိုင်းဖုန်းဆရာတော်ဘုရားသည် ယခင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင်လည်း ဗလီသို့ ကြွရောက်လာခဲ့ပြီး ဗလီမွမ်းမံရန် အလှူငွေများ ပေးအပ်ဖူးကြောင်း သိပါသည်။