နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းဖုန်းဆရာတော်ဘုရားကြီး ငလျင်ဘေးသင့် ဒေသသို့ ကူညီထောက်ပံ့ရေးခရီးစဥ်ကြွချီ 

မိုင်းဖုန်းဆရာတော်ဘုရားကြီး ငလျင်ဘေးသင့် ဒေသသို့ ကူညီထောက်ပံ့ရေးခရီးစဥ်ကြွချီ 

Hsan Loi Editor
20/04/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ကနေ တပည့်ဒါယကာများနဲ့အတူ ဒီကနေ့မှာ ငလျင်ဘေးသင့် ဒေသတွေဆီ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်ကြွချီ ခဲ့တယ်လို့မိုင်းဖုန်းဆရာတော်ရဲ့ တပည့်ဒါယိကာ တွေဆီကသိရပါတယ် ။

 

” မိုင်းဖုန်းဆရာတော်နဲ့အတူ အလှုရှင်တွေ ၊ တပည့်ဒါယိကာ/မတွေ လူတစ်ရာနီးပါးနဲ့ မော်တော်ယဥ် အစီး ၄၀ လိုက်ပါကြမှာဖြစ်ပါတယ်၊ ငလျင်ဘေးသင့်ပြည်သူတွေ အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကိုတော့ မနေ့ညကတည်းက အရောက်ပို့ထားပေးပြီးပါပြီ ” လို့ ဆရာတော်ရဲ့ တပည့်ဒါယကာမ တစ်ဦးကပြောပါတယ် ။

 

ဆရာတော်ဟာ ဒီကနေ့မှာ တောင်ကြီး ဗုဒ္ဓ တက္က သိုလ် SSBU သို့ ကြွရောက်တရားရေအေးတိုက်ကျွေးမေတ္တာပို့ သ မေတ္တာခံယူပြီး ညောင်ရွှေမြို့ ကိုကြွချီသွားတယ်လို့ သိရပါတယ် ။

 

မိုင်းဖုန်းဆရာတော် ဟာ ငလျင်ဘေသင့်ခဲ့တဲ့ တောင်ကြီး ၊ညောင်ရွှေ ၊ မန္တလေး၊ ပြင်ဦးလွင် ၊ စစ်ကိုင်း၊ နေပြည် တော် အပြင် အပြန်ခရီးစဥ်အနေနဲ့ ရန်ကုန်မြို့ကိုလည်းကြွရောက်မယ်လို့ သိရပါတယ် ။

 

စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို မေတ္တာပို့သဖို့အတွက် ဆရာတော်ဘုရားဟာ ဧပြီလအတွင်း စင်ကာပူကြွရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ငေါင်းဂူမှာ အဓိဌာန်ဝင်ကာ ငလျင်ကြောင့် ထိခိုက်သေဆုံးသူတွေကို မေတ္တာပို့သခဲ့တယ်လို့ သိရပါတယ် ။