ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မိုင်းပန်မြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

မိုင်းပန်မြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

Hsan Loi Editor
08/05/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) မှာ ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်က မေလ ၇ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
မေလ ၆ ရက် ညနေပိုင်းက မိုင်းပန်မြို့နယ် အရှေ့မြောက်ဘက် မီတာ ၁၃၇၀၀ အကွာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ ဦးဖမ်းရမိပြီး စစ်ကော်စီတပ်ဖွဲ့က ဆက်လက်ရှာဖွေရာ မေလ ၇ ရက်ညနေပိုင်းမှာ မိုင်းပန်မြို့ မြောက်ဘက်မီတာ ၁၂၃၀၀ အကွာမှာ နောက်ထပ် တရုတ်နိုင်ငံ သား ၁ ဦးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့စစ်ဆေးမှု လုပ်ဆောင်ပြီးပါက ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကလည်း မိုင်းပန်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး “ဝ”(အမျိုးသား) ၁ ဦး၊ သျှမ်း(အမျိုးသမီး) ၂ ဦးနဲ့ လားဟူ(အမျိုးသမီး) ၁ ဦး အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦး စုစုပေါင်း ၅၆ ဦးနဲ့အတူ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။