နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းနောင်မြို့တွင် မူးယစ်ဆေးဝါးအချို့နှင့်အတူ လက်နက်ဖမ်းဆီးရမိဟုဆို

မိုင်းနောင်မြို့တွင် မူးယစ်ဆေးဝါးအချို့နှင့်အတူ လက်နက်ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
10/12/2022
Share:

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ တွင် မိုင်းနောင်မြို့ ဖခီးစစ်ဆေးရေးဂိတ်၌ ဝမ်ဟိုင်းကျေးရွာမှ မိုင်းနောင်ဘက်သို့ မောင်းနှင်လာသော SURF မော်တော်ကား အား မူးယစ်စစ်ဆေးရေးအဖွဲ့မှ ရပ်တည့်စစ်ဆေးရာတွင် ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်ကို စိုင်းလောဝ်ပေါင်း အသက်(၂၀) အရွယ် လူငယ်တစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ယာဉ်၏ အလယ် ခန်းထိုင်ခုံပေါ်တွင် တင်ဆောင်လာသောအီတလီနိုင်ငံလုပ် Sig Sauer ၉မမပစ္စတို(အနက်ရောင်)၁ လက်၊ ၉ မမကျည် ၂၁ တောင့်၊ ပစ္စတိုကျည်အိမ် (အတို) ၂ ခု၊ အရှည် ၁ ခု၊ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၆ ပြား စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေ ၁၀၃၀၀၀

ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် စိုင်းလောဝ်ပေါင်းအား စစ်ကောင်စီ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/