နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းဆတ်တွင် အရွယ်အရောက်သေးသည့် ညီအစ် ကို ၃ ဦးအား ဆေးကြောင်နေသူတစ်ဦးက သတ်ဖြတ်ခဲ့ ဟုဆို

မိုင်းဆတ်တွင် အရွယ်အရောက်သေးသည့် ညီအစ် ကို ၃ ဦးအား ဆေးကြောင်နေသူတစ်ဦးက သတ်ဖြတ်ခဲ့ ဟုဆို

Hsan Loi Editor
08/10/2026
Share:

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အရွယ်မရောက်သေးသည့်ညီအစ်ကို ၃ ဦးအား မူးယစ်‌ဆေးဝါး သုံးစွဲ လွန်၍ ဆေးကြောင်နေသူ အမျိုးသားတစ်ဦးမှ စမ်းချောင်းတွင်သတ်ဖြတ်ခဲ့ပြီးလက်ရှိ ဖမ်းဆီးရမိထားကြောင်း ဒေသခံများထံမှသိရသည်။

” ကလေးတွေကို သတ်သွားတဲ့သူကိုမိပြီ သူက ကလေးတွေနဲ့အသိတွေပဲ ဆေးကြောင် ဆေးရင်းထပြီးသတ်သွားတာ ရက်ရက်စက်စက်ပဲ ဆေးသမားတွေက ရင်းထလာရင် လူစိတ်ပျောက်တတ်တယ် အကုန်တရုတ်ကလေးတွေပဲ ” ဟု ဒေသခံတစ်ဦးကအတည်ပြုပြောဆိုသည်။

သေဆုံးသည့်ကလေးငယ် ၃ ဦးမှာအသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် သာရှိသေးပြီး ၄င်းတို့ကို မူးယစ်ဆေးစွဲနေသည့် အသက် ၂၀ အရွယ် စန်တလ ဆိုသူက ရွာမြောက်ဖက်က စမ်းချောင်းတွင် သတ်ဖြတ်ခဲ့ကြောင်း ရဲသတင်းများ၏ဖော်ပြချက်အရသိရသည်။

သေဆုံးသူများမှာ ဖန်နားပိုကျေးရွာ၊ ကျတီကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်နေ အသက် ၁၂ နှစ်အရွယ် လော်နောင် (ခ) လော်ဖူ၊ အသက် ၉ နှစ်အရွယ် ယားပါလုံးနှင့် အသက် ၅ နှစ်အရွယ် အားဖြိုတို့ ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာအဆိုပါကလေးသုံးဦး၏ မိဘနှစ်ဦးသည် အောက် တိုဘာ ၄ ရက် နံနက် ၆ နာရီခန့်တွင် တောင်ယာလုပ်ကိုင်ရန်သွားစဥ် နေအိမ်၌ကလေး များထားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် မိဘနှစ်ဦး နေ့လယ်စာစားရန် နေအိမ်သို့ ပြန်ရောက်ချိန်တွင် အသက် ၁၂ နှစ်အရွယ် လော်နောင်တစ်ဦးကိုသာ တွေ့ရပြီး ကျန်ကလေးနှစ်ဦးကို သွားရောက်ခေါ်ယူရန် စေလွှတ်ခဲ့သော်လည်း မွန်းလွဲ ၃ နာရီအထိ ကလေးသုံးဦးလုံး နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိကြောင်း သိရသည်။

ထို့နောက် မိသားစုဝင်များနှင့် ရွာသားများက ကလေးများ သွားလာလေ့ရှိသည့် နေရာများကို လိုက်လံရှာဖွေခဲ့ကြပြီး အောက်တိုဘာ ၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဖန်နားပိုကျေးရွာ၏ မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ တောင်ကျစမ်းချောင်းအတွင်း ကလေးသုံးဦးကို ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာအဆိုပါကလေးသုံးဦး၏ မိဘနှစ်ဦးသည် အောက် တိုဘာ ၄ ရက် နံနက် ၆ နာရီခန့်တွင် တောင်ယာလုပ်ကိုင်ရန်သွားစဥ် နေအိမ်၌ကလေး များထားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် မိဘနှစ်ဦး နေ့လယ်စာစားရန် နေအိမ်သို့ ပြန်ရောက်ချိန်တွင် အသက် ၁၂ နှစ်အရွယ် လော်နောင်တစ်ဦးကိုသာ တွေ့ရပြီး ကျန်ကလေးနှစ်ဦးကို သွားရောက်ခေါ်ယူရန် စေလွှတ်ခဲ့သော်လည်း မွန်းလွဲ ၃ နာရီအထိ ကလေးသုံးဦးလုံး နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိကြောင်း သိရသည်။

ထို့နောက် မိသားစုဝင်များနှင့် ရွာသားများက ကလေးများ သွားလာလေ့ရှိသည့် နေရာများကို လိုက်လံရှာဖွေခဲ့ကြပြီး အောက်တိုဘာ ၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဖန်နားပိုကျေးရွာ၏ မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ တောင်ကျစမ်းချောင်းအတွင်း ကလေးသုံးဦးကို ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ပြတ်ရှ၊ ကွဲအက်ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ စန်တလကို မိုင်းဆတ်မြို့နယ် ရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။