နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မယ်ဆိုင်ချောင်း ရေထိန်းနံရံများ ပြိုကျ ပြီး တာချီလိတ်မြို့ထဲရေကြီး

မယ်ဆိုင်ချောင်း ရေထိန်းနံရံများ ပြိုကျ ပြီး တာချီလိတ်မြို့ထဲရေကြီး

Hsan Loi Editor
08/09/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့နံနက် ပိုင်းမှစတင်ကာမယ်ဆိုင်ချောင်းမှ ရေထိန်းနံရံများ ပြိုကျပြီး ရေများအလုံးအရင်းဖြင့် ဝင်ရောက် လာမှုကြောင့် မြို့၏ အနိမ့်ပိုင်းရပ်ကွက်များ စတင်ကာရေကြီး မှုဖြစ်ပွားနေကြောင်း
သိရသည်။
ယမနေ့ည နေပိုင်းမှစတင်ကာ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်တောင်ကျရေများဝင်ရောက်လာပြီး ရပ်ကွက်တစ်ချို့တွင် ရေလွမ်းမိုး ကာ ယနေ့နံနက်ပိုင်းတွင်လည်း မယ်ဆိုင်ချောင်း ရေထိန်းနံရံများ ပြိုကျ ပြီးရေများအလုံးအရင်းဖြင့်ဝင်ရောက် လာသောကြောင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။
လက်ရှိတွင် တာချီလိတ်မြို့၏ အနိမ့်ပိုင်းဖြစ်သည့် လွယ်တော်ခန်း၊ပုန်းထွန်၊တာလော့၊မကာဟိုခမ်း၊ဆန်ဆိုင်း(က)၊ဆန်ဆိုင်း(ခ)၊မယ်ခေါင်၊ရန်အောင်မြေရပ်ကွက်များအတွင်း ရေများဝင်ရောက်ကာ လမ်းပေါ်လျှံတက်ပြီး သွားလာရ ခက်ခဲနေကြောင်း သိရသည်။