ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးသည့်မြန်မာလူငယ် ၂ ဦး ထိုင်းစစ်တပ်သေနတ်ဖြင့် ပစ်ခတ်၊ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးသည့်မြန်မာလူငယ် ၂ ဦး ထိုင်းစစ်တပ်သေနတ်ဖြင့် ပစ်ခတ်၊ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

Hsan Loi Editor
24/05/2026
Share:
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးရန် ကြိုးပမ်းနေသည့်မြန်မာလူငယ် ၂ ဦးအား ထိုင်းစစ်တပ်ဖက်မှ ပစ်ခတ်မှုကြောင့်လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” သေနတ်သံကြားလို့ သွားကြည့်တာ တစ်ယောက်ကမှောက်နေပြီ တစ်ယောက်ကလဲ သွေးတွေနဲ့ ငှက် ပျောတော ကနေထွက်ပြေးလာတာ ဒီဖက်ကလူတွေပဲဆေးရုံတင်ဖို့ ကူညီပေးလိုက်ကြတာနှစ်ယောက် လုံးက လူငယ်တွေပဲ ” ဟု မယ်ဆိုင်ချောင်းအနီးနေထိုင်သူတစ်ဦးကပြောသည် ။

ဖြစ်စဥ်မှာ မေ ၂၂ ရက် ညအချိန်တွင်မြန်မာလူငယ်နှစ်ဦးမှ ဆန်ဆိုင်း (က)ရပ်ကွက် မြို့ရှောင်လမ်းအနီးရှိ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်း တွင် မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်တစ်စီးအား ဝါးလုံးဖြင့်လျှိုထမ်းကာ ခိုးကူးရန် ဆောင် ရွက်နေစဉ် ထိုင်းစစ်တပ်၏ ပစ်ခတ်မှုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုကြောင့် မြန်မာလူငယ် မောင်အာကာတွင် ယာဘက်ကျောမှ ကျည်ဖောက်ဝင်ကာ ရင်ညွန့်မှ ဖောက်ထွက်ဒဏ်ရာတစ်ချက် ဖြင့် သေဆုံး ခဲ့ပြီးမောင်အောင်မင်းခန့်တွင်လည်း ယာဘက်တံတောင်ဆစ်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ဆန်ဆိုင်း (က) ရပ်ကွက် နေသူဖြစ်ကြောင်း သိရပြီး မောင်အာကာမှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး နာရီပိုင်းအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်းစုံစမ်း သိရသည်။

Photo : Local