နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

Hsan Loi Editor
31/03/2025
Share:

 

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅ နှစ် အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးကို ယနေ့ နံနက်အစောပိုင်းက တရုတ် ကယ်ဆယ်ရေးအဖွဲ့မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်တယ်လို့ သိရပါတယ်။

 

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ၅ နာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးတဲ့နောက် Grate Wall Hotel မှာ နာရီပေါင်း ၆၀ ခန့်ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦးနဲ့ Sky Villa ကွန်ဒိုမှာ ပိတ်မိနေတဲ့ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယခုကယ်ဆယ်ရေးလုပ်ငန်းမှာ မြန်မာ၊ တရုတ်နဲ့ ရုရှား ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး ငလျင်ဖြစ်ပွားရာနေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။