နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ်တန်ဖိုး (၂.၉၅) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ်တန်ဖိုး (၂.၉၅) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
22/08/2023
Share:

 

၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂လမ်းနှင့် ၁၁၁ စီလမ်းထောင့်ရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် အခြားထိန်းချုပ်ဓာတုပစ္စည်းကဖင်း(၂)တန် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဒါ့အပြင် ဆက်စပ်သတင်းကြောင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ နေအိမ်တစ်အိမ်နှင့် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို(ခ) နန္ဒ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးဝါး(၉.၆၁၂)သိန်းပြား၊ ဘိန်းဖြူ(၂၇၀)ဂရမ် အားထပ်မံသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ဘိန်းဖြူ(၃၉၀)ဂရမ်၊ အိုက်စ်(၄၇)ဂရမ်၊ စိတ်ကြွမူးယစ်ဆေးဝါး(၉.၆၁၂)သိန်းပြားနှင့် အခြားဆက်စပ်ပစ္စည်းများ စုစုပေါင်းငွေကျပ်တန်ဖိုး(၂.၉၅)ဘီလီယံကျော်နှင့်အတူ တရားခံများဖြစ်သည့် ဇော်မိုးလွင်(ခ)လာရွတ်ဆန်၊ အောင်သူ နှင့် နန္ဒကို(ခ)နန္ဒ တို့(၃)ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။