နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်‌နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မင်းအောင်လှိုင် သတ်မှတ်

မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်‌နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မင်းအောင်လှိုင် သတ်မှတ်

Hsan Loi Editor
31/03/2025
Share:

 

မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ပြင်းထန် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနဲ့အတူ ထပ်တူခံစားရပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သတ်မှတ်လိုက်ပါတယ်။

 

တစ်ပတ်တာသတ်မှတ်ထားတဲ့ ဝမ်းနည်းခြင်းအထိမ်း အမှတ်နေ့ရက်များအတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချလွှင့်ထူကြရန် သတ်မှတ်ထားတာပါ။

 

ငလျင်ဒဏ်ကြောင့် ယနေ့အထိ သေဆုံးသူ ၁၇၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး မြေပြင်အခြေအနေအရ ထိခိုက်သေဆုံးသူအရေအတွက် ယခုထက်ပိုတယ်လို့သိရပါတယ်။