နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဘုန်းကြီးကျောင်းဝန်းအတွင်း ဓားထောက် ဓားပြတိုက်ခံရမှု သျှမ်းတောင်တွင်ဖြစ်ပွား 

ဘုန်းကြီးကျောင်းဝန်းအတွင်း ဓားထောက် ဓားပြတိုက်ခံရမှု သျှမ်းတောင်တွင်ဖြစ်ပွား 

Hsan Loi Editor
15/01/2023
Share:

သျှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ဓားထောက် ဓားပြတိုက်ခံရမှု ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်းသတင်းများမှသိရသည် ။

 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တစ် လုံးကြီးမြို့နယ် နောင်ကား ကျေးရွာအုပ်စု စိန်ဖူးရွာ (ဒုံသဲင်စိန်း) ရတနာစိန်ကျောင်းတိုက်တွင်နေထိုင်သည့်ကပ္ပိယဆိုသူကိုအမည်မသိလူတစ်ဦးမှ ဓားထောက် ဓားပြတိုက်မှု ဇန်နဝါရီ၁၃ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

” ဖြစ်တဲ့အချိန်ကကျောင်းဝန်းထဲမှာ လူအများ‌ကြီးရှိတယ် ဒါပေမယ့် ကပ္ပိယက ဆွမ်းစားဆောင်မှာ တစ် ယောက်တည်းရှိနေတာ အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးလုပ်သွားတာပေါ့ဟု ” သတင်းရင်းမြစ်တစ်ဦးကပြောသည် ။

 

အဆိုပါကျောင်းဝန်းတွင် နံနက် ၁၀ နာရီအချိန်ခန့်ကဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့် လူတစ်ဦး ဆိုင်ကယ်ဖြင့် ရတနာစိန်ကျောင်းတိုက်သို့ ဝင်လာပြီး ဆွမ်းစားဆောင်တွင် တစ်ယောက်တည်း ရှိနေသည့် ကျောင်းကပ္ပိယအား ဓားဖြင့်ထောက်၍ ဖုန်းလေးလုံးယူသွားခဲ့ခြင်းဖြစ်သည် ။

 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်ပြီးခဲ့သည့်လပိုင်းအတွင်းရွှေဆိုင်ဓားပြတိုက်ခံရမှု၊ ကုန်တင်ကား ဓားပြတိုက်ခံရမှု များနှင့် ဆိုင်ကယ်လုယက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်ွပွားလျှက်ရှိပြီး ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည် ။