နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဘန်ကောက်သွားဖို့ မုန်ညင်းတွေထဲပုန်းပြီးလိုက်သွားရတဲ့ မြန်မာအလုပ်သမား ၅၂ ဦး မဲဆောက်စစ်ဆေးရေးဂိတ်၌ အဖမ်းခံရ

ဘန်ကောက်သွားဖို့ မုန်ညင်းတွေထဲပုန်းပြီးလိုက်သွားရတဲ့ မြန်မာအလုပ်သမား ၅၂ ဦး မဲဆောက်စစ်ဆေးရေးဂိတ်၌ အဖမ်းခံရ

Hsan Loi Editor
04/08/2023
Share:

 

ယမန်နေ့ညက မုန်ညင်းဖြူတွေကြားထဲ ပုန်းအောင်းနေပြီး ဘန်ကောက်သို့ လိုက်ပါသွားမည့် မြန်မာအလုပ်သမား ၅၂ ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိပါသည်။

နခွန်းပထုံ ၆ ဘီးကား အမှတ်တံဆိပ်ဖြင့် ဘန့်ဟွေ့ဟင်ဖွန်၊ မယ့်ပါနယ်မြေထဲ၌ အဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်တွင် တားဆီးစစ်ဆေးနေစဉ် မုန်ညင်းများအတွင်း ချောင်းဆိုးသံကြားရသဖြင့် ဖွင့်ချစစ်ဆေးရာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကိုင်ဆောင်ထားသော မြန်မာပြည်သား ၃၂ ဦးနှင့် အထောက်အထားမပါသည့်သူ ၂၀ ဦး (အမျိုးသား+အမျိုးသမီး) စုစုပေါင်း ၅၂ ဦးဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ယာဉ်မောင်းထွက်ဆိုချက်အရ တဦးလျှင် ဘတ် ၁ သောင်း အခကြေးငွေဖြင့် ဘန်ကောက်သို့ ပို့ဆောင်ရန်ဖြစ်သည်ဟု ပြောသည်။

သို့သော်အဖမ်းဆီးခံရသောမြန်မာအလုပ်သမားများထွက်ဆိုချက်အရ တဦးလျှင် ဘတ် ၂ သောင်းပေးဆောင်ရသည်ဟု ပြောပါသည်။ ယာဉ်မောင်းနှင့် မြန်မာအလုပ်သမားအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရပါသည်။

ယခုကဲ့သို့ဖြစ်စဉ်မျိုးတွင် အလုပ်ရှင်များ ပွဲစားများအနေဖြင့် ဖမ်းဆီးအရေးယူ ဝေဖန်ခြင်းခံရလေ့မရှိပဲ ရွှေ့ပြောင်းအလုပ်သမားများသာ အပြစ်ပေးအရေးယူခံလေ့ရှိသည်ကို တွေ့ရသည်။


Ref: Maesod media