နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဘတ်သန်း ၉၂ ကျော် အလွဲသုံးစားလုပ်တဲ့ အယုဒ္ဓယ ကျောင်းထိုင်ဘုန်းကြီး  အဖမ်းခံရ

ဘတ်သန်း ၉၂ ကျော် အလွဲသုံးစားလုပ်တဲ့ အယုဒ္ဓယ ကျောင်းထိုင်ဘုန်းကြီး အဖမ်းခံရ

Hsan Loi Editor
12/09/2026
Share:
ထိုင်းနိုင်ငံ အယုဒ္ဓယရှိ နာမည်ကျော် Wat Phutthaisawan ကျောင်းမှ အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် Luang Por Chot ကို ကျောင်းတိုက် ရန်ပုံငွေထဲမှ ဘတ် ၉၂ သန်းကျော်ကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယနေ့ နံနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
May be an image of text that says 'KHO KHAOSOD SOD'
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အရာရှိတွေရဲ့ စုံစမ်းတွေ့ရှိချက်အရ ကျောင်းထိုင် ဆရာတော်ဟာ ကျောင်းတိုက်ရဲ့ ရံပုံငွေကို အလွဲသုံးစားလုပ်တာအပြင် ၂ နှစ်တာ ကာလအတွင်း ကျောင်းတိုက် နာမည် အသုံးပြုပြီး အလှူငွေလက်ခံဖြတ်ပိုင်း ၂၀ ကျော်ကို ခွင့်ပြုချက်မဲ့ ထုတ်ယူခဲ့တာ ဘတ် ၉၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီငွေတွေကို ဆရာတော်နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့ပြီး ၎င်းအမျိုးသမီးရဲ့ ဘဏ်စာရင်းထဲမှာ တစ်နှစ်လျှင် ဘတ်ငွေ သန်းပေါင်းများစွာ လည်ပတ်စီးဆင်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးစဥ်အတွင်းမှာ ဆရာတော် သီတင်းသုံးနေထိုင်တဲ့ အဆောင်မှ CCTV မှတ်တမ်းများ စစ်ဆေးတဲ့အခါမှာ ဆရာတော်ဟာ မာတုကာမ တစ်ဦးနဲ့ မေထုန်နေထိုင်တဲ့ မှတ်တမ်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of slow loris and text
ရဲတပ်ဖွဲ့က ကျောင်းတိုက်အတွင်း နောက်ထပ် အထောက်အထားတွေ ရှာဖွေစစ်ဆေးနေပြီး ဆရာတော်ကို စစ်ဆေးမေးမြန်းဖို့ CIB ရုံးသို့ ခေါ်ဆောင်သွားပြီး ကြံရာပါ အမျိုးသမီးလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဆရာတော်ဟာ အာဏာကို အလွဲသုံးစားပြုမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ငွေကြေးခဝါချမှု စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။
Ref: Khaosod