နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူးတစ်ဦးအား KIA အဖွဲ့မှ ဖမ်းဆီးထားဟုဆို

ဖားကန့်မြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူးတစ်ဦးအား KIA အဖွဲ့မှ ဖမ်းဆီးထားဟုဆို

Hsan Loi Editor
03/03/2024
Share:

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာ သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးခင်မောင်ကြည်အား ဖားကန့်မြို့နယ် နမ့်နန်းလှိုင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် သံသယရှိသည်ဟုဆိုကာ KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

 

“ဖမ်းသွားတာကတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နမ့်နန်းလှိုင်စစ်ဘေးရှောင်စခန်းဆီ ရောက်ရှိနေတဲ့ ဦးခင်မောင်ကြည်ကို လာဖမ်းသွားတာပါ။ တာမခံမှာ စစ်ကောင်စီတပ်နဲ့ KIA+PDF တို့ တိုက်ပွဲဖြစ်နေတာ တစ်ရွာလုံးနီးပါး နမ့်နန်းလှိုင်ကို ထွက်ပြေးတိမ်းရှောင်နေရတာလေ။ စစ်ဘေးရှောင်စခန်းမှာ ဦးခင်မောင်ကြည် ဖုန်းပြောနေတာကို မသင်္ကာလို့ဆိုပြီး ဖမ်းခေါ်သွားတာ အခုထိပြန်မလွတ်ပေးသေးဘူး။” ဟု ဖားကန့်မြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးက ပြောပြသည်။

 

ယခင်ကလည်း သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုမှ အဖွဲ့ဝင်များအား KIA အဖွဲ့က သံသယရှိသူဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ ဦးခင်မောင်ကြည်သည် တာမခံကျေးရွာဒေသခံတစ်ဦးဖြစ်ကာ ပျားမွေးမြူရေးလုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ဒါ့အပြင် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မဝင်တစ်ဦးလည်း ဖြစ်သည်။

 

ဖားကန့်မြို့နယ် တာမခံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းအဖွဲ့တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။