နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာက အရပ်သား ၂၀၀ ဦးကျော်အား စစ်ကောင်စီဖမ်းဆီးထားဟုဆို

ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာက အရပ်သား ၂၀၀ ဦးကျော်အား စစ်ကောင်စီဖမ်းဆီးထားဟုဆို

Hsan Loi Editor
14/11/2024
Share:

 

ပင်လောင်း-ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးထားကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သားပြည်သူ ၂၀၀ ဦးထက်မနည်းကို ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

 

ဖမ်းဆီးခံရသော ပြည်သူများကို စစ်ကောင်စီမှ ပင်လောင်းမြို့အားကစားရုံအတွင်း ထိန်းသိမ်းထားသည်။

 

ယခုနိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ(၆) ဦးသေဆုံးခဲ့ရပြီး (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်။