နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဖယ်ခုံတွင် ၁၀ ရက် ကြာထိုးစစ်ဆင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ အရာရှိ (၁) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦးသေဆုံး 

ဖယ်ခုံတွင် ၁၀ ရက် ကြာထိုးစစ်ဆင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ အရာရှိ (၁) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦးသေဆုံး 

Hsan Loi Editor
15/06/2023
Share:

 

သျှမ်းကယား နယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုရှိ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေး ရွာသို့ စစ်ကောင်စီ ၏ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ် အပါအဝင် တပ်မ (၆၆) လက် အောက်ခံတပ်ရင်းများတို့က ၁၀ ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်များက ဖယ်ခုံသို့ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့မှ စတင်ကာ ၁၃ ရက်နေ့အထိ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပြီး PDF – Pekhon တပ်ရင်းအမှတ် (၁၀၀၂) နှင့် မဟာမိတ်တပ်ဖွဲ့ များ ၈ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ အရာရှိ (၁) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်း ရမိခဲ့ကြောင်း PDF – Pekhon သတင်း နှင့်ပြန် ကြားရေးက ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

 

၄င်းတိုက်ပွဲအတွင်း PDF – Pekhon တပ်ရင်းအမှတ် (၁၀၀၂) နှင့်အတူ LKPDF ၊ DMO-PDFs (1101, 1102, 1106, 1107 တို့၏) ပူးပေါင်းစစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1007) ၊ 1009 ၊ 1008, 1005 ပူးပေါင်းစစ်ကြောင်း ၊ KRU နှင့် KNDF စသည့် တပ်ပေါင်းစုတို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် ဖယ်ခုံ စကခ (၇) နှင့် လက် နက်ကြီး ထိုင်ထားသော ၃၃၆ တပ်ပတ်ဝန်းကျင်တို့မှ (၃) ရက် ဆက်တိုက် လက်နက်ကြီးမိုးရွာသကဲ့သို့ အဆမတန်ပစ်ခတ်ခဲ့သောကြောင့် MBPDF (1007) တပ်ရင်းမှ ရဲဘော် (၂) ဦးသေဆုံးခဲ့ပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။