နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြောင်းမျိုးစေ့ချနေစဥ် မိုးကြိုးပစ်ခံရ၍အမျိုးသမီး တစ်ဦးသေဆုံး

ပြောင်းမျိုးစေ့ချနေစဥ် မိုးကြိုးပစ်ခံရ၍အမျိုးသမီး တစ်ဦးသေဆုံး

Hsan Loi Editor
02/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အနီးရှိ ငုံးသုန်ကျေးရွာအုပ်စု၊ထင်းရူးကုန်းရွာနေ အမျိုးသမီးတစ်ဦးသည် ဇွန်လိုင် ၁ ရက် နေ့လည် ၃ နာရီချိန်ခန့်က ရွာအနီးတောင်ကုန်းကြား တွင် ပြောင်းမျိုးစေ့ချနေစဥ် မိုးကြိုး ပစ်ခံရ၍မိုးကြိုးစက်ကွင်းမိကာအခင်းဖြစ်ပွားရာနေရာ၌သေဆုံးသွားကြောင်း သိရသည် ။

၄င်းသေဆုံးသူအမျိုးသမီးရုပ်ခန္ဓာအား အောင်ပန်းနာ ရေးကူညီမှုအသင်းနှင့် ရွာသူ/သားများပူးပေါင်းကာအောင်ပန်းဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည် ။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း အောင်ပန်းမြို့နယ် ၊ ညောင်ကျိုးရွာအနောက်တောင်ဖက် (၂) မိုင်အကွာတောင် စောင်း ၌ နွားကျောင်းသားတစ်ဦးနှင့် နွားတစ်ကောင် မိုးကြိုးထိမှန်ကာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။