နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြိုင်ဖက်အတိုက်အခံပါတီ မပါတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ယနေ့စတင် စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုနည်းပါး

ပြိုင်ဖက်အတိုက်အခံပါတီ မပါတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ယနေ့စတင် စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုနည်းပါး

Hsan Loi Editor
28/12/2025
Share:
အင်အားကြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD နဲ့ ကျားခေါင်းပါတီ SNLD တို့ကို ဖျက်သိမ်းထားပြီး ပြိုင်ဖက်ပါတီ တွေမပါတော့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်း ၆ နာရီက စပြီး ကျင်းပနေပြီဖြစ်ပါတယ်။
May be an image of one or more people, people studying, hospital and text
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး ယနေ့ ကျင်းပတဲ့ ရွေးကောက် ပွဲ အပိုင်း ၁ ကိုတော့ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပပြုလုပ်နေတာဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါးသလို မဲဆန္ဒလာပေးတဲ့ သူတွေလည်း အရင် ၂၀၂၀ ရွေးကောက်ပွဲ က လို တက်တက်ကြွကြွမရှိဘူးလို့ သိရပါတယ်။
May be an image of one or more people and text
ရွေးကောက်ပွဲ ကျင်းပတဲ့ရက် ဒီမနက်အစောပိုင်းက မန္တလေးမြို့မှာ ရှော့တိုက်ဒုံး ၄ လုံးမှာ ၃ လုံးက ကျုံးထဲကျရောက်တဲ့အတွက် အထိအခိုက်မရှိပေမဲ့ ၁ လုံးက အထဲမှာ ကျတဲ့အတွက် ၂ ယောက်ထိခိုက်မှု ရှိပြီး စိတ်မကောင်းဘူးလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင် က မီဒီယာတွေမှာ ဖြေကြားသွားပါတယ်။
May be an image of studying
အခုလို ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတဲ့အတွက် ရွေးကောက်ပွဲကိုတော့ မထိခိုက်ဘူးဆိုထားပြီး လုံခြုံရေးလည်း အပြည့်ယူထားတယ်လို့ ဆိုပါတယ်။