နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြည်သူ့ ကာကွယ်ရေးတပ်တွေပါဝင်လာတဲ့ သျှမ်းမြောက်တိုက်ပွဲ 

ပြည်သူ့ ကာကွယ်ရေးတပ်တွေပါဝင်လာတဲ့ သျှမ်းမြောက်တိုက်ပွဲ 

Hsan Loi Editor
27/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ညီနောင် ( ၃)ဖွဲ့ ဖြစ်ပွားနေသော တိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည် ။

 

 

(BPLA) အနေနှင့် ကွမ်းလုံ၊ ဟိုပန်နှင့် ချင်းရွှေဟော် ဒေသတဝိုက်တွင် အဓိကလှုပ်ရှားနေပြီး ယနေ့စ တင်လိုက်သော ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ် ဆင်ရေး(1027 Operation)တွင် ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)ကလည်း ပါဝင်တိုက်ခိုက်နေကြောင်း BPLA ကယနေ့တွင်ထုတ်ပြန်ထားသည် ။

 

ထို့အပြင် ပြည်သူ့ကာကွယ်ကွယ်ရေးတပ်မတော် မန္တလေး People’s Defense Force-Mandalay ကလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “1027 စစ် ဆင်ရေး”ကို ထောက်ခံကြိုဆိုကြောင်းနှင့် ၄င်းတို့အနေဖြင့်လည်း “တောင်သမန် စစ်ဆင်ရေး”ဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်အရသိရသည်။

 

ဓာတ်ပုံ – BPLA