နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြည်သူထံ အာဏာပြန်အပ်ပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင် ပြော

ပြည်သူထံ အာဏာပြန်အပ်ပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင် ပြော

Hsan Loi Editor
15/12/2025
Share:
ထိုင်းဝန်ကြီးချုပ် အနုတင် က ဒီဇင်ဘာလ ၁၁ ရက် ည ၁၀ နာရီကျော်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ ပြည်သူ့ထံ အာဏာပြန်အပ်နေပြီ” လို့ ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းပြီး နောက်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျင်းပပေးဖို့ သူ့ရဲ့အစီအစဉ်ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
သူ့ရဲ့ ကြေညာချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပူးတွဲလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ယနေ့ညနေမှာ အနုတင် တင်သွင်းတဲ့ လွှတ်တော်ကို ဖျက်သိမ်းရန် တော်ဝင်အမိန့်ကို ဘုရင်က ထောက်ခံခဲ့တယ်လို့ သတင်းများထွက်ပေါ်‌နေပါတယ်။
အနုတင် ဟာ သုံးလထက်မနည်း ဝန်ကြီးချုပ်ရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ကို အာဏာရစေခဲ့တဲ့ ပြည်သူ့ပါတီနှင့် နိုင်ငံရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်နှစ် ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းမည်ဟု အစောပိုင်းကတည်းက ကတိပြုခဲ့ပါတယ်။
ယနေ့ကျင်းပသော ပူးတွဲအစည်းအဝေးမှာလွှတ်တော် အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို အထက်လွှတ်တော်အမတ် သုံးပုံတစ်ပုံက အတည်ပြုရန် မဲပေးခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခ ဖြစ်ပွား‌‌နေချိန်မှာလွှတ်တော်ဖျက်သိမ်းမှု ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။